Followers

Powered by Blogger.

အမှန်ကန်ဆုံး Ojooo (အိုဂျိုး) မှာ ၀င်ငွေရှာကြည့်ခြင်း (ADSL ,SKYNET , RedLink Internet လိုင်းများနှင့် ပြည်ပရောက်မြန်မာများအတွက် သီးသန့် )



- အခုလို ငွေရှာနည်းတွေအကြောင်း အချိန်ပေးပြီး စိတ်ရှည်လက်ရှည်ရေးသားရတဲ့ရည်ရွယ်ချက်ကတော့ သည်လို ဆိုဒ်တွေဟာ တစ်ကယ့်ကို ရတဲ့အကြောင်း ၊ အသုံးဝင်တဲ့အကြောင်း ၊ အပိုအလုပ်မဟုတ်ဘဲ တစ်ကယ်စစ်မှန်တယ်ဆိုတာသက်သေပြလိုတဲ့အတွက်ရေးသားရခြင်းဖြစ်ပါတယ်။  အင်တာနက်ပေါ်ကနေ ငွေရှာတယ်ဆိုတာ အချိန်နည်းနည်းပေးပြီး မူးစု မတ်စုအလုပ်ကနေ ရှယ်ယာတွေဝယ်ပြီး တစ်ဆင့်ပီးတစ်ဆင့် တက်သွားရတဲ့အလုပ်ဖြစ်ပါတယ်။ ပျင်းနေမယ်..ရှယ်ယာဝယ်နည်း ထိန်းနည်းလမ်းညွှန်
တွေကိုမလိုက်နာဘူးဆိုရင်တော့ တ၀ဲလည်လည်ဖြစ်နေမှာသေချာပါတယ်။ ဒါကြောင့် စိတ်ပါဝင်စားတဲ့သူ
တွေအချိန်တိုအတွင်းအောင်မြင်စေဖို့..လက်တွေ့ ငွေသားထုတ်နိုင်စေဖို့ သေချာစွာညွှန်ပြပေးထားပါတယ်။

- ပထမဆုံးအနေနဲ့ ဒီ Ojooo ဆိုတဲ့ ၀င်ငွေရှာဆိုဒ်ဟာ မှန်ကန်တဲ့ဆိုဒ်တစ်ခုဆိုတာပါဘဲ။( ငွေထုတ်ရက်ကတော့ တစ်ပတ်ကျော်လောက် ကြာပါတယ် ) မိမိရဲ့ ထိန်းသိမ်းနိုင်မှုအပေါ် မူတည်ပြီး အရှုံးအမြတ်ကွဲပြားပါလိမ့်မယ်... အမြတ်ရအောင် လုပ်ပုံလုပ်နည်း စဉ်းစားပုံစဉ်းစားနည်းတွေပါထည့်သွင်းတင်ပြပေးထားပါတယ်။ သည် Ojooo ဆိုဒ်မှာ ငွေရှာမယ်ဆိုရင်
နာရီဝက်မျှဘဲကြာပါလိမ့်မယ်။

- ငွေရှာသည့်ဆိုဒ်ပေါင်းများစွာကို တင်ပေးခဲ့ပြီးပေမယ့် ဒီဆိုဒ်ကို မတင်ဘဲ ချန်လှပ်ထားခဲ့ပါတယ်။ ဘာလို့လဲဆိုရင် မာန်ဘာဝင်ရအဆင်မပြေတာရယ် ၊ ဘယ်အင်တာနက်လိုင်းတွေ ဘယ်နေနေရာတွေမှာ သုံးဖို့အဆင်ပြေမလဲဆိုတာ ရှာဖွေနေတာရယ်အတွက်ကြောင့်ပါ။

- အခုတော့ အားလုံးအတွက် အဆင်ပြေမယ့်နည်းလမ်းကို PTC လုပ်ငန်းမှာ အတွေ့အကြုံရင်တဲ့ ဆရာနှစ်ဦးအကူအညီနဲ့ရှာတွေ့ခဲ့ပါပြီ။

- ယခု Ojooo သည် အကောင့်ဖွင့်ပြီးတာနဲ့ ADSL , SKYNET , Redlink Internet လိုင်း အသုံးပြုသူများအား အဆင်ပြေ ချောမွေ့လွယ်ကူစေပါတယ်။ ပြည်ပရောက်မြန်မာများ အတွက်ဆိုရင် ပြောစရာမလိုလောက်အောင်အဆင်ပြေပြေ လုပ်နိုင်တဲ့ ဆိုဒ်တစ်ခုလဲဖြစ်ပါတယ်။

- ယခု Ojooo သည် မြန်မာနိုင်ငံအတွင်းအသုံးပြုသူများအဖို့ကတော့ အကောင့်ဖွင့်လျှင် ကျော်ဖွင့်ချင်ဖွင့်ရပါလိမ့်မည်။ ပြည်ပရောက်မြန်မာများကတော့ ကျော်ခွစရာမလိုတိုက်ရိုက်
 ဖွင့်နိုင်ပါသည်။ ကျော်ခွနည်းမသိပါက ဒီမှာ အသေးစိတ်ကြည့်နိုင်ပါသည်။ ( ရုရှား နှင့် ထိုင်း နိုင်ငံ ) IP Address များကိုအသုံးပြုပြီးကျော်ဖွင့်နိုင်ပါတယ်။ ကျော်ဖွင့်လို့ပြီးရင်တော့ မူလ ပုံမှန် အင်တာနက်ကိုပြန်ပြောင်းပြီး အဆင်ပြေပြေဖြင့်အသုံးပြုနိုင်ပါသည်။

- Ojooo သည် အခြားငွေရှာဆိုဒ်များကဲ့သို့ အချိန်မကုန် ၊ ငွေမကုန်စေပါ။ ယခုလက်ရှိအောင်မြင်မှုရရှိနေသော ရှယ်ယာဝယ်ယူခြင်းဆိုင်ရာ ၊ ထိန်းညှိခြင်းဆိုင်ရာများကို....အတွေ့အကြုံများအတိုင်း သင်ကြားပြသပေးသွားမည်ဖြစ်ပါသည်။

- ဖုန်းအင်တာနက်လိုင်းများဖြင့် လုံးဝ ( လုံးဝ ) ပြုလုပ်လို့မရပါ။

ကဲ ဟုတ်ပြီ လုပ်ပုံလုပ်နည်းတွေ ရှယ်ယာ ထိန်းနည်းတွေ သေချာပြောပြသွားမယ်နော်.. PTC အကြောင်းသိပြီးသားသူတွေအတွက်ကတော့ ပြသနာမရှိပေမယ့်..မသိသူတွေကတော့
သေချာသာဖတ်သွားပါ ပြုလုပ်ရတာ အရမ်းကိုလွယ်ကူပါတယ်။ အိုကေ စလိုက်ရအောင်.......

- အရင်ဆုံး Member ၀င်ဖို့အတွက် ဒီိကို နှိပ်လိုက်ပါ .....

-နှိပ်ပြီးတာနဲ့ ညာဘက်အပေါ်ဆုံးက Register ကိုနှိပ်ပါ.. အောက်က ပုံကိုကြည့်ပါ။
- ပုံမှာပြထားတဲ့အတိုင်းဖြည့်ပါ.. Passwords ဖြည့်တဲ့အခါမှာ အစစလုံးအကြီး နဲ့ဖြည့်ပါ ဥပမာ - Apple1221%^&* အဲလိုပေါ့... အစစာလုံးအကြီးဖြစ်ရမယ် အနည်းငယ် Passwords ရှုပ်ထွေးရမယ်။ နောက်တစ်ခုက Referral ဆိုတဲ့နေရာမယ် KyawKyaw ဆိုတာရှိတယ် အဲဒါကိုပြင်စရာမလိုဘူး ကျော်ခဲ့လိုက်လို့ရတယ်( နောက်ပိုင်းကျရင် KyawKyaw ရဲ့နာမည်အောက်မှာဝင်ထားတဲ့သူတွေကို ပရိုမိုးရှင်းပေးမယ့်အစီအစဉ်စတော့မှာပါ )... Address and Telephone ကတော့ ကိုယ်ကြိုက်တာ ကိုယ်ထည့် .. ထည့်ချင်သလိုထည့်ပြီး ကျန်တာတွေကို ပုံမှန်အတိုင်းဖြည့်ကာ Register လုပ်လိုက်ရုံပါဘဲ... အိုကေ...Register လုပ်လိုက်တာနဲ့ အောက်က ပုံအတိုင်း မိမိရဲ့ Email ထဲကို Activation Code ပို့ပါလိမ့်မယ်။
ပုံမှာဆိုရင် သူပေးထားတဲ့ Activation Link လေးကိုနှိပ်လိုက်..ဒါဆိုရင် Send or Verify ဆိုပီးပေါ်လာမယ်.. Send or Verify ကိုနှိပ်လိုက်.. ပြီးရင် စတင်အသုံးပြုလို့ရပါပြီ။ Login ၀င်လိုက်ပါ။ ( အကောင့် Register လုပ်တုန်းက IP Address ကျော်ခဲ့တယ်ဆိုရင်.. Login ပြန်ဝင်တဲ့အခါ မူလ အင်တာနက်လိုင်း ( NO Proxy ) အတိုင်းပြန်ဝင်လို့ရပါပြီ။ ကျော်စရာမလိုတော့ပါဘူးနော် ) Login ၀င်ပြီးသွားပြီဆိုရင်တော့.. ပုံမယ်ပြထားတဲ့အတိုင်း EARN WASHING ADS >> PAID TO CLICK ADS ဆိုတာကို အဆင့်ဆင့် နှိပ်လိုက်ပါ... ဒါဆိုရင် ကြော်ငြာကြည့်ရမယ့်နေရာကိုရောက်သွားမယ်... ရောက်သွားပြီဆိုရင် ပုံမှာ အစိမ်းရောင် ဘောင်ခတ်ပြထားတာတွေက ကြည့်လို့ရမယ့် ကြော် ငြာတွေပါ.. အနီရောင်ဘောင်ခတ်ပြထားပြီး မှိန်နေတဲ့ ကြော်ငြာတွေက ကြည့်လို့မရမယ့်ကြော်ငြာတွေပါ.... အဲသည် မှိန်နေတဲ့ကြော်ငြာတွေက Account Upgrade လုပ်မှကြည့်လို့ရပါတယ်..လောလောဆယ်တော့ ကြည့်လို့ရတာဘဲ ကြည့်လိုက်ရအောင်...
အိုကေ ကြော်ငြာတစ်ခုကို စတင်နှိပ်လိုက်ပါ.. အ၀ါအလုံးလေး ပေါ်လာပါမယ် အဲဒါကိုနှိပ်ပါ..အောက်မယ် အ၀ါအလုံးလေးပေါ်လာတာကို မြှားအနီနဲ့ပြထားပါတယ်...
အဲသည် အ၀ါအတုံးလေးကိုနှိပ်လိုက်ပါ..ဒါဆိုရင် ကြော်ငြာကြည့်ရမယ့် Page ပေါ်လာပါမယ်... ပန်းရောင်အတန်းလေးပြည့်တဲ့အထိ ထိုင်ကြည့်နေပါ... တက်နေစဉ်အတွင်း ဂျီတော့သုံးခြင်း ၊ သီချင်းဖွင့်လိုက်ခြင်း ၊ ဖေ့ဘုတ်သုံးနေခြင်းများမလုပ်ပါနဲ့ အတန်းလေးက ဆက်မတက်ဘဲ ရပ်နေပါလိမ့်မယ်..ဒါကြောင် ဒီ လုပ်ငန်းအတွက် နာရီဝက်မျှတော့ အချိန်ပေးလိုက်ပါ။
အတန်းလေးတက်လို့ပြီးပြီဆိုရင်တော့ အမှန်ခြစ်ပေါ်လာပါလိမ့်မယ်..ပြီးရင် မူရင်း ကြော်ငြာနှိပ်ခဲ့တဲ့ အ၀ါလုံးလေးရှိတဲ့ စာမျက်နှာဟာ အလိုအလျောက် Loading ပြန်ဆွဲပါတယ်... Loading ပြန်ဆွဲတယ်ဆိုတာက ကြည့်ပီးသားကြော်ငြာကို နောက်တစ်ကြိမ် ထပ်ပြီးမကြည့်မိအောင် Refresh ချလိုက်တဲ့သဘောပါ...ဒါဆိုရင် ကြည့်ပီးသားကြော်ငြာက မှိန်သွားပါ
လိမ့်မယ်...တစ်ကယ်လို့ အမှန်ခြစ်ပေါ်တယ် Loading လဲမပြဘူးဆိုရင် ကိုယ့်ဘာသာ အဲသည် Page ကို Loading ပြန်လုပ်ပေးလိုက်ပါ.. :)
အိုကေ... အမှန်ခြစ်လဲ ပေါ်ပြီ.. Loading လဲဆွဲပြီးပြီဆိုရင် ကျန်တဲ့ Click လုပ်လို့ရတဲ့ကြော်ငြာတွေကို အခုပြောခဲ့တဲ့နည်းတွေအတိုင်း တစ်ခုခြင်းကုန်အောင်သာ ကလစ်သွားလိုက်ပါ... မများပါဘူး ဆယ်ခုလောက်ပဲ ရှိပါတယ်.. အိုကေ.. အကုန် ကလစ်ပြီးသွားရင် ရတဲ့ငွေကိုကြည့်ဖို့ အတွက် ထိပ်ဆုံးက Your Account ကိုနှိပ်ပေးလိုက်ပါ။
ဒါဆိုရင်အောက်က ပုံအတိုင်းပေါ်လာပါမယ်။
အနီကွင်း ၀ိုင်းပြထားတာကတော့ ကြော်ငြာတွေကို ကလစ်လို့ရလာတဲ့ ငွေပေါ့။ Membership ကတော့ Standard ဖြစ်ပါတယ်။ ( Upgrade ) မလုပ်ရသေးပါ။ Upgrade တင်ရင် ပိုရပါတယ်.. နိုင်ငံကတော့ Myanmar ပါဘဲ တစ်ကယ်တော့ Russia IP နဲ့ကျော်ဖွင့်ပီး ပုံမှန်အတိုင်း Login ၀င်သုံးလို့ မြန်မာလို့ပြပါတယ်။ Age ကတော့ ကျွန်မရဲ့အသက်ပါ.. Total Clicks ကတော့ ကြော်ငြာတွေကို ကလစ်ထားတာ အကြိမ် 180 ရှိပါပြီလို့ပြောတာပါ။ Direct Referral ကတော့ တစ်ယောက်ပါ ( Direct Referral အကြောင်းကို နောက်ဆုံးအခန်းမှာပြောပါ့မယ် ) Rented Referrals ကတော့ 10 ယောက်ပါ.. ရှယ်ယာ ငှားထားတာကိုပြောတာပါ.. လာမယ့်အခန်းမှာသင်ပေးပါ့မယ်။ DR + RR ပေါင်းရင် 11 ယောက်ပါ။ DR + RR ကလစ်အရေအတွက်ကိုပေါင်းရင်တော့ 90 ရှိပါပြီ။ ဒါကတော့ ရှင်းပြပေးလိုက်တာပါ... ဟုတ်ပီ... အနီကွင်းဝိုင်းပြထားတဲ့အထဲမှာ 2$ ရှိလာပြီဆိုပါစို့ .. Rented Referral ငှားပါ့မယ်... ရှယ်ယာငှားတာပေါ့နော်... အမြဲတမ်း မှတ်ထားစရာ တစ်ခုပြောပါမယ်.. ဘယ်ငွေရှာဆိုဒ်မှာဘဲဖြစ်ဖြစ် ရှယ်ယာဝယ်တော့မယ်ဆို ရင် Main Balance ထဲက ငွေကို Purchase or Rental Balance ကိုရွေ့ပြီးမှ ရှယ်ယာဝယ် ငှား လုပ်လို့ရပါတယ်။ အခု အနီကွင်းဝိုင်းပြထားတာက Main Balance ပေါ့ အဲသည်ထဲမှာ 2$ လောက်ရပြီဆိုရင် ရှယ်ယာ စတင်ငှားဖို့အတွက် Purchase Balance ထဲကိုအရင်ရွှေ့ရအောင်..ဘယ်လိုရွှေ့မလဲ အောက်က ပုံကိုကြည့်ပါ။
မြှားပြထားတဲ့ Fund rental balance ကိုနှိပ်လိုက်ပါ.. ပြီးတာနဲ့ via Balance Transfer ကိုရွေးလိုက်ပါ ပြီးတာနဲ့ Next ပေါ့။
Main Balance ထဲကငွေ 2$ ကို Upgrade and rental balance ထဲကိုရွှေ့မှာဆိုတော့ 2 လို့ရိုက်ထည့်ပြီး Next နှိပ်လိုက်.. ဒါဆိုရင်အောက်က ပုံအတိုင်းပေါ်လာမယ်။
ကဲ ဒီလိုပုံပေါ်လာရင်တော့ ရှယ်ယာဝယ်ဖို့ Rental Balance ထဲကိုငွေရွှေ့ခြင်းအောင်မြင်ပါပြီ အောက်က ပုံကိုဆက်ကြည့်ပါ။
ကဲ ငွေတော့ရောက်ပြီ ရှယ်ယာလေး စငှားလိုက်ရအောင်.. အောက်ပုံကိုကြည့်ပါ။
မြှားအနီပြထားတဲ့ စာကိုနှိပ်ပါ.. ကျွန်မတို့က 2$ ဖိုးရှယ်ယာ ငှားမှာဆိုတော့ 2 ဒေါ်လာကို ရှယ်ယာဆယ်ခု ရပါမယ်.. ဒီတော့ မြှားအပြာ ပြထားတဲ့ လက်တွန်းလှဲလေးကိုနှိပ်လိုက်ပါ.. ပြီးရင် ပြထားတဲ့အတိုင်းဝယ်လိုက်ပါ... အောက်က ပုံအတိုင်းပေါ်လာရင်တော့ ရှယ်ယာ ငှားခြင်းပြီးဆုံးပါပြီ
အိုကေ.. ပြီးပြီ Your Account ကိုပြန်သွားလိုက်မယ်ဆိုရင် Rented Referrals မှာ 10 ယောက်တွေ့ပါလိမ့်မယ်.. အဲသည် ကနေ ငွေတွေရနေပါလိမ့်မယ်.. ဒါတွေဟာ ငှားတာဖြစ်တဲ့အတွက် တစ်လပြည့်ခါနီးတိုင်း Recycle 30 Days တော့လုပ်ပေးရပါ့မယ်.. ဒီတော့... မိမိ ကိုယ်တိုင်လဲ ကြော်ငြာတွေကို ကလစ်မယ်.. ဒီ Rented Referral ငှားထားတာတွေကလဲ ပိုက်ဆံရနေမယ် ဆိုရင် တစ်လကို 3 ဒေါ်လာနီးပါးကတော့ သေချာနေပါတယ်... ကဲ... Rented Referral ငှားထားတာတွေ သက်တမ်းကုန်တော့မယ်ဆိုပါ စို့ ဘယ်လို တိုးမလဲ ??
မြှားပြထားတာကိုနှိပ်လိုက်ရင် ၀ယ်ထားတဲ့ Rented Referral ( RR ) တွေ ပေါ်လာပါမယ်..အဲသည်မယ် ကျနော် အနီဝိုင်းပြထားတာတွေ့လား 21 ရက်ဘဲကျန်တော့တယ်.. သူတို့က သက်တမ်းကုန်လို့ မတိုးရင်ပျောက်ကုန်မှာ ဒီတော့ သက်တမ်း ရက်သုံးဆယ်ပြန်တိုးပါ့မယ်... ရှယ်ယာ ဆယ်ခု 2 ဒေါ်လာဖိုးဝယ်ထားတယ်ဆိုတော့ သက်တမ်းပြန်တိုးရင် 2 ဒေါ်လာ နီးပါးကတော့ ပြန်သုံးရပါတယ်.. ဒီတော့ ထုံးစံအတိုင်း Main Balance ထဲက ငွေကို Rental Balance ထဲသို့ရွေ့လိုက်ပါဦး 2 ဒေါ်လာလောက်ပေါ့... ပြီးတာနဲ့ Action မှာပြထားတဲ့အတိုင်းရွေးချယ်လိုက်ပါ.. Referral color ဆိုတာကတော့ မိမိဘယ်ကောင်ကို သက်တမ်းတိုးထားတယ်ဆိုတာ အရောင်လေးတွေနဲ့ သတ်မှတ်ပေးလို့ရတဲ့ဟာလေးပါ.. ထည့်ချင်ထည့်မထည့်ချင်ရင် Unset color ဘဲလုပ်လိုက်ပေါ့.. ပြီးတာနဲ့  Next ကိုနှိပ်လိုက်ပါ...  ပြီးတာနဲ့ သက်တမ်းတိုးဖို့ ညွှန်ကြားချက်တွေအတိုင်းလုပ်သွားလိုက်ရုံပါဘဲ.. အခု 21 ရက်ကိုသက်တမ်း ရက်သုံးဆယ်တိုးတာဆိုတော့ 51  ရက်ရသွားတာပေါ့.... အိုကေ...  ကြော်ငြာလဲ ကလစ်တတ်ပြီ.. RR လဲဝယ်တတ်သွားပြီ .. သက်တမ်းလဲတိုးတတ်သွားပြီ... ဒီနေရာမယ် တစ်ခုသတိထားမိလား... RR ငှားတုန်းကလဲ 2 ဒေါ်လာ သုံးရတယ်...သက်တမ်းပြန်တိုးတော့လဲ 2 ဒေါ်လာသုံး၇တယ်... ငါးကြင်းဆီနဲ့ငါးကြင်းပြန်ကြော်ခံနေရတယ်
နော် ;)  PTC ငွေရှာဆိုဒ်တွေကတော့ ငါကြင်းဆီနဲ့ ငါးကြာင်းပြန်ကြော်ကြတာပါဘဲ... ဒီတော့ ဒီလိုအလုပ်ခံနေရသော်လည်း အမြတ်ထွက်အောင် ဘယ်လိုလုပ်မလဲ ???????

စီမံခန့်ခွဲရပါတယ်.. ကိုယ်ဝယ်ထားတဲ့ RR တွေကို စနစ်တစ်ကျ စီမံခန့်ခွဲရပါတယ်။ ကျနော်ရဲ့ RR တွေအပေါ် စီမံခန့်ခွဲပုံ ခန့်ခွဲနည်းတွေကို သင်ပြပေးသွားပါ့မယ်။ ကိုယ်ပိုင်စိတ်ကူး စိတ်သန်းနဲ့ ရှယ်ယာတွေကို ထိန်းရပါတယ်။ ကဲ .. မိမိ မှာ PayPal Account ရှိတယ်ဆိုပါစို့ အဲသည်အကောင့်ကနေ Ojooo ကိုငွေထည့်လိုက်မယ်.. ဒေါ်လာ 10 ထည့်လိုက်မယ်. ထည့်ပြီးတော့ RR အခု 50 ၀ယ်လိုက်မယ်ဆိုပါစို့... တစ်လအတွင်းမှာ အဲသည် ၀ယ်ထားတဲ့ RR 50 ခုကပြန်ရတဲ့ငွေအရေအတွက်က 10$ မရှိဘူးဆိုရင် ရှုံးပါပြီ။ ရှုံးတဲ့အပြင် သည် RR 50 ခုကို သက်တမ်းအကုန်မတိုးနိုင်တဲ့အတွက် သက်တမ်းတိုးခြင်းမခံရတဲ့ RR တွေဟာ လုံးဝ ပျောက်သွားပါလိမ့်မယ်။ ကျနော်ပြောပြတာ သဘောပေါက်လားမသိဘူးနော်.. ဒါကြောင့် ငွေရှိတိုင်းထည့်ထည့်မရင်းပါနဲ့...ထည့်ရင်းရင် ကွဲတတ်ပါတယ်.... ကဲ မိမိမှာ Direct Referral တွေလဲရှိမယ် ( Direct Referral ရှာနည်းကို နောက်အခန်းမှာသင်ပြပေးပါ့မယ် ) Rented Referral တွေလဲ အခု 20 လောက်ရှိမယ်... မိမိကိုယ်တိုင်ကလဲ ကြော်ငြာတွေကို နေ့တိုင်း Click ပေးနေတယ်ဆိုပါစို့.. ဒီလိုဆိုရင် မိမိမှာ DR + RR + Click ဒီ သုံးခုကနေ ငွေတွေရနေပါလိမ့်မယ်... ဟုတ်ပီ မိမိရဲ့ Main Balance ထဲမှာ 5 ဒေါ်လာလောက်ရှိတယ်ဆိုပါစို့ .. RR အခု 20 ကလည်း သက်တမ်းကုန်ဖို့ 5 ရက်လောက်ပဲလိုတော့တယ်ဆိုရင်.. အဲဒီ 20 ထဲက 10 ခုလောက်ကိုဘဲ ရွေးပီးအရင်သက်တမ်းတိုးလိုက်ပါ... ဒါဆိုရင် 3 ဒေါ်လာလောက်ကျန်ပါလိမ့်မယ်...
ဟုတ်ပီ.. နောက်ထပ် 10 ခုကိုတော့ ကုန်ခါနီး တစ်ရက်လိုမှသက်တမ်းတိုးလိုက်ပါ ဒါဆိုရင် 1 ဒေါ်လာလောက်ကျန်ပါလိမ့်မယ်... အကုန်လုံးကို တစ်ပြိုင်တည်းသက်တမ်းတိုးတာနဲ့ ဒီလို အစု အစုလေးတွေခွဲပြီး ငါးရက် ခြောက်ရက်လောက်ခြားကာ သက်တမ်းတိုးခြင်းက မိမိအတွက် ငါးကြင်းဆီနဲ့ ငါးကြင်းပြန်ကြော်ခံနေရတဲ့အဖြစ်ကနေ အမြတ်ထွက်အောင် လုပ်တဲ့နည်းလမ်းပါဘဲ... ဒီလို ရက်ခြား သက်တမ်းတိုးစဉ်အတွင်း DR + RR + Click ကနေ ပိုက်ဆံတွေဟာလည်း ၀င်နေပါလိမ့်မယ်... ကျွန်မပြောတာ ရှုပ်ကုန်လားမသိဘူး.. ရှုပ်လဲ သေချာဖတ်..သေချာကလိ သွားပါ နားလည်သွားပါလိမ့်မယ်..ဒါကတော့ မရှုံးအောင်လုပ်တဲ့ ကျွန်မရဲ့နည်းပါဘဲ။


ကဲ.. ဟုတ်ပြီ RR ဘယ်လိုဝယ်မယ်.. ဘယ်လိုထိန်းမယ် ဆိုတာ သိသွားတော့ Direct Referral (DR) ရှာနည်းသင်ပေးပါ့မယ်။ DR ဆိုတာက မိမိ ဆီမယ် မာန်ဘာဝင်လာတဲ့ လူအစစ် တွေပါဘဲ..သူတို့ click လို့ရလာတဲ့ ကော်မရှင်တွေကို ကိုယ်ကပြန်ရတယ်လေ..ဒီလိုပြန်ရတော့ DR များများရှာနိုင်လေ မိမိအတွက် ပိုက်ဆံများများရဖို့အခွင့် အလမ်း တက်လေပေါ့.... DR တွေလဲ ကောင်းမယ်.. RR တွေကိုလဲ စနစ်တစ်ကျ ထိန်းတတ်မယ် ၀ယ်သွားတတ်မယ် .. ပုံမှန်လေးလဲ ကလစ်လုပ်ပေးနေမယ်ဆိုရင် ရှုံးစရာအကြောင်း ၊ ငွေမရစရာအကြောင်း လုံးဝ ( လုံးဝ ) မရှိပါဘူး ၊ ဟုတ်ပီ အခု DR ရှာနည်းအကြောင်းပြောတာပါဘဲ.... ကဲ ... မိမိရဲ့ အကောင့်ထဲကိုမာန်ဘာ ၀င်လာစေဖို့ DR Link ဘယ်လိုထုတ်မလဲ ? လွယ်ပါတယ်.. အောက်က ပုံကိုကြည့်ပါ။
မြှားပြထားတာကိုနှိပ်လိုက်.. ဒါဆိုရင် Your Reflink is : ဆိုတဲ့အော်က မိမိရဲ့ Direct Referral Link ပါဘဲ.. အဲဒါလေးကူးပြီးတော့ မိမိရဲ့ သူငယ်ချင်းတွေကိုပေးခါ မာန်ဘာ ၀င်ခိုင်းလိုက်ပါ... မိမိရဲ့ Link မှာ Member ၀င်ပြီဆိုတာနဲ့ သူက မိမိရဲ့ DR ဖြစ်သွားပါပြီ။ သဘောပေါက်မယ်ထင်ပါတယ်။ ကဲ နောက်ဆုံး အဆင့် ငွေထုတ်နည်းပြောတော့ပါ့မယ်။

မိမိမှာ  2$ ရှိလာပြီဆိုပါစို့ .. စတင်ငွေထုတ်လို့ရပြီဖြစ်ပါတယ်... ငွေထုတ်ဖို့အတွက်ကတော့ ... အောက်ကပုံကိုကြည့်ပါ။
2 ဒေါ်လာပြည့်တာနဲ့ မြှားအနီပြထားတဲ့နေရာကိုနှိပ်ပြီး ငွေထုတ်နိုင်ပါတယ်.. ခြောက်ရက်လောက်တော့ကြာပါ့မယ်.. ဒီလိုငွေထုတ်ဖို့အတွက် မိမိမှာ PayPal Account ကတော့ ရှိနေရပါ့မယ်... ငွေမထုတ်ခင် အရင်ဆုံး Settings ချရပါ့မယ်..အောက်က Personal Settings ကိုနှိပ်ပါ.. PayPal Email နေရာမှာ မူလအစက မိမိရဲ့လိပ်စာဘဲ ပြန်ထည့်ခဲ့တယ်မလား .Register လုပ်တုန်းကလေ..  အခု ငွေထုတ်တော့မှာဆိုတော့ တစ်ကယ့် PayPal Email အစစ်ကိုထည့်ရပါတော့မယ်။ ထည့်ပြီးတာနဲ့ နဲ့
Current Passwords နေရာမှာ မိမိ သုံးနေတဲ့ Passwords ကိုထည့်ပြီး Save Changes ကိုနှိပ်ပေးလိုက်ပါ။ ပြီးတာနဲ့ မိမိရဲ့ Account Email ထဲက Email ထဲကို Ojooo ကနေ Message ပို့ပါတယ်.. ကျွန်မကတော့ iloveyou.npt@gmail.com ဆိုပီးသုံးထားတဲ့အတွက် အဲသည်အထဲကိုဘဲ Message ပို့ပါတယ်.. ပြီးတာနဲ့အောက်က ပုံကိုကြည့်ပါ။
Verify Account ကိုနှိပ်ပါ။
စာလုံးဖျက်ကိုမှန်အောင်ထည့်ပြီး Verify နှိပ်လိုက်ပါ.. ဒါဆိုရင် Personal Settings ထဲက PayPal မှာ မိမိရဲ့ PayPal Email လိပ်စာထည့်သွင်းခြင်းပြီးပါပြီ။ Ojooo မယ်ငွေရှာနည်း ကတော့ ဒီလောက်ပါဘဲရှင့်။ Ojooo ကို ညီမတို့ဘက်က ပရိုမိုးရှင်းပေးထားပါတယ်  အခက်အခဲတစ်စုံတစ်ရာ ရှိလာပါက Adflycreator@gmail.com သို့ဆက်သွယ်မေးမြန်းနိုင်ပါတယ်။

ငွေထုတ်ယူဖို့တစ်ခုတည်းအတွက် သီးသန့်အသုံးပြုနိုင်မည့် PayPal Account များရောင်းချပေးခြင်း ( 25.1.2014 )

-- အင်တာနက်မှာ ၀င်ငွေရှာလုပ်ငန်းအပျင်းပြေဘဲဖြစ်ဖြစ် ၊ ၀ါသနာပါလို့ဘဲဖြစ်ဖြစ် လုပ်ကိုင်နေသူများ ၊ အင်တာနက်မှ ရရှိလာသည့်ငွေများကို ပြန်လည်ထုတ်ယူလိုသူများ  အနေဖြင့်PayPal Account တစ်ခုဆိုတာ အဓိက အလိုအပ်ဆုံးအရာပါ သည်လို PayPal Account ရှိနေမှလဲ ရလာတဲ့ငွေတွေကိုထုတ်ယူနိုင်ပါတယ်။ မြန်မာပြည်မှာ PayPal Account ရောင်းတဲ့ နေရာအချို့ရှိပါတယ်..ဒါပေမယ့် Account Limit ဖြစ်မဖြစ် အာမခံမပေးနိုင်ပါ။ Account ၀ယ်ပြီးမှ Limit ထိသွားရင် မိမိရဲ့ အကောင့်ထဲမှာရှိတဲ့ငွေတွေကို သည်အတိုင်းထိုင်ကြည့်နေရတော့တာပါဘဲ ။ အဲသည် အကောင့်တွေကလဲ အနည်းဆုံး 22000 ကျပ်ကနေ ၊ အများဆုံး သုံးသောင်းကျပ်လောက်အထိ ဈေးရှိပါတယ်။ သက်တမ်းအားဖြင့် 2 နှစ်ခန့်မျှသာရှိပါတယ်။

- ယခု ရောင်းချပေးမည့် PayPal Account များသည် ဈေးနှုန်းအားဖြင့် 18000 ကျပ်တိတိ ရှိပါ့မယ်။ သက်တမ်းအားဖြင့်လည်း Long Life ဖြစ်ပါတယ်။ Account များအား ဗဟိုမှကိုင်တွယ်ထား သည့်အတွက် Limit ဖြစ်ခြင်း ပြသနာလည်းလုံးဝမရှိတော့ပါ။

- ရောင်းချမည့်အကောင့်သည် PayPal Activate လုပ်ထားသော Email လိပ်စာ တစ်ခုတည်းသာဖြစ်ပါမယ်။ Passwords လုံးဝမပါရှိပါ။ ၄င်း Email လိပ်စာအား မိမိငွေထုတ်ယူလိုသည့် ငွေရှာဆိုဒ် (သို့) ငွေထုတ်ယူလိုသည့် ဆိုဒ်ရဲ့ PayPal Email နေရာတွင် ထည့်သွင်းကာ ငွေထုတ်ယူနိုင်မည်ဖြစ်ပါသည်။

- ငွေထုတ်ယူမည်ဆိုလျှင် မိမိ PayPal Account ၀ယ်ယူထားသော ဗဟိုဌာနသို့ဖုန်းအရင်ဆက်ပြီး အကြောင်းကြားရပါမည်။

- ထို့နောက် ငွေထုတ်ယူနိုင်ပြီး မိမိထုတ်ယူလိုက်သည့်ငွေသည် ဗဟိုဌာနသို့ရောက်ရှိသွားပါမည်။ ထိုမှတစ်ဆင့် မိမိလွှဲစေချင်သည့် ဘဏ် သို့မဟုတ် MyanPay Account ထဲသို့မြန်မာငွေအဖြစ် Exchange ပြုလုပ်ပေးခါ လွှဲပေးမည်ဖြစ်ပါသည်။

- ထို့ကြောင့် Limit ဖြစ်မှာစိုးရိမ်ဖို့မလို ၊ ရလာသည့် $ ( ဒေါ်လာ ) များကို မြန်မာငွေအဖြစ် အဆင်ပြေပြေချောမွေ့စွာဖြင့်လျှင်လျှင်မြန်မြန် လဲလှယ်နိုင်ကြမှာဖြစ်ပါတယ်။

- ငွေရှာဆိုဒ်များအတွင်း ၀င်ငွေရှာရင်း ငွေထုတ်ချင်သူများအဖို့ 4$ ပြည့်တာနဲ့ မြန်မာငွေသားအဖြစ်ပြောင်းလဲ ထုတ်ယူနိုင်ပါတယ်။

- အဆင်ပြေပြေနဲ ငွေထုတ်ယူနိုင်ဖို့တစ်ခုတည်းအတွက်သာ ဦးတည်ပြုလုပ်ထားသောကြောင့် PayPal Activate လုပ်ထားသော Email လိပ်စာတစ်ခုတည်း ရရှိမည်ဖြစ်သဖြင့် PayPal အတွင်း ငွေသွင်းခြင်း ၊ ငွေလွှဲခြင်းများ လုံးဝပြုလုပ်လို့မရပါ။

- PayPal Limit ဖြစ်ခြင်းမှကျော်လွှားခြင်း ၊ ငွေများအဆင်ပြေပြေဖြင့် ထုတ်ယူနိုင်ခြင်းတို့အတွက် ရည်ရွယ်ပြုလုပ်ထားခြင်းသာဖြစ်ပါတယ်။


ဆက်သွယ်မှာယူလိုပါက click2kyat@gmail.com , ဖုန်းနံပတ် - 09 420 700 582 သို့ဆက်သွယ်စုံစမ်း နိုင်ပါသည်။

Rule From Click 2 Kyat ( C2K )


- Click 2 Kyat ( C2K ) သည် မြန်မာပြည်၏ ပထမဆုံးသော ကြော်ငြာကြည့်ခြင်းဖြင့် ၀င်ငွေ ကော်မရှင်ပြန်ပေးသော Website တစ်ခုဖြစ်ပါသည်။

- C2K ၏ အလုပ်လုပ်ပုံမှာ ပြည်ပနိုင်ငံများတွင် ခေတ်စားနေသော PTC ( Paid To Click ) Internet ၀င်ငွေရှာဆိုဒ်များကိုအခြေခံထားပါသည်။ C2K တွင် Member ၀င်မည့်သူများအနေဖြင့် ပေးထားသော
PTC Site များတွင် Member ၀င်ခါ ညွှန်ပြထားသည့်အတိုင်း အလုပ်လုပ်ရမည်ဖြစ်ပါသည်။ ထိုသို့အလုပ် လုပ်ခြင်းဖြင့် PTC Site များတွင် အလုပ်လုပ်လာသည့် ၀င်ငွေ ( Dollar ) များကိုသာမက C2K မှပေးသောကော်မရှင်အမြတ်များကိုပါရရှိစေမှာဖြစ်သည့်အတွက်ဝင်ငွေနှစ်ဆတိုးစေသောလုပ်ငန်း
တစ်ခုလည်းဖြစ်ပါသည်။

- C2K အနေဖြင့် စစ်မှန်ပြီး PTC ကျွမ်းကျင်သူများထောက်ခံမှုပေးထားသည့် ၀င်ငွေရှာ Website များကိုသာတင်ပေးသွားမှာဖြစ်ပါသည်။

- C2K မှတင်ပေးထားသည့် Website တွင် စနစ်တစ်ကျ Member ၀င်ခါလုပ်ကိုင်သူများအတွက် SignupBonus0.20$/Commissionအဖြစ်0.50$/Total0.70$ 
အသီးသီး ပြန်လည်ပေးအပ်သွားမှာဖြစ်ပါတယ်။

- ငွေပေးချေမှုအဖြစ် မြန်မာနိုင်ငံ၏OnlinePaymentService ဖြစ်သောMyanPay နှင့် ပြည်ပရောက်မြန်မာ
များအတွက် PayPal Online Payment Service တို့ကို အသုံးပြုထားပါသည်။

- Internet ပေါ်မှာအချိန်အားလပ်နေသူများအတွက် အထူးသင့်တော်လှသလို အချိန်အနည်းငယ်သာပေးရ
တဲ့လုပ်ငန်းလည်းဖြစ်ပါတယ်။

- မည်သူမဆို အလွယ်တစ်ကူလုပ်ဆောင်နိုင်ပြီး C2K မှ ပေးထားသည့် Website များတွင် မိမိလုပ်နိုင်သ
လောက် Member ၀င်ခါ လုပ်ကိုင်ခြင်းဖြင့် ၀င်ငွေများအလွယ်တစ်ကူရရှိစေမည့်လုပ်ငန်းဖြစ်သည့်အတွက်
စိတ်ပါဝင်စားသူတိုင်းအတွက် ဖိတ်ခေါ်အပ်ပါသည်။

======================================================================================
PTC ( Paid To Click ) လုပ်ကိုင်မည့်သူများအတွက် သတိပေးချက်များ။
======================================================================================
 - မင်္ဂလာပါ C2K အနေဖြင့် "အင်တာနက်မှာ မိနစ် 20 အချိန်ပေးပြီး ငွေရှာနည်း'' စာအုပ်ကို ရေးသားဖြန့်
ဖြူးခဲ့ပါတယ်။ ထိုစာအုပ်ကြောင့် မြန်မာနိုင်ငံမှာ ကြော်ငြာ Click လုပ် ငွေရှာသည့်နည်းသည် တော်တော်
ပြန့်နှံ့သွားပါတယ်။ ထို့နောက် C2K သည် Makingmoneytutorial.weebly.com ဆိုသည့် Website အား
ထပ်မံတည်ထောင်ခဲ့ပြီး ၀င်ငွေရှာနည်းသင်ခန်းစာများ ပို့ချပေးခဲ့ပါတယ်။ တော်တော်များများလဲ လိုက်လုပ်
ကြတယ်..အထာပေါက်ပြီး ကြိုးစားလို့အောင်မြင်သွားတဲ့သူတွေရှိသလို..မအောင်မြင်ပဲ အချိန်ကုန်သွားသူတွေလဲ ဒုနဲ့ဒေးပါဘဲ.. ဘာလို့အဲသည်လိုဖြစ်သွားသလဲဆိုရင် PTC ကိုပေါ့ပေါ့တန်တန်
သဘောထားလို့ပါ။ ဘယ်အလုပ်မဆို ပေါ့ပေါ့တန်တန် သဘောထားရင်တော့ ထိုက်တန်တဲ့ရလာဒ်ကိုဘဲ
ပြန်ခံစားရမှာပါဘဲ..အခု PTC ဟာဆိုရင် ငွေနဲ့ပတ်သက်ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုဖြစ်တဲ့အတွက် လုံးဝပေါ့လို့မရပါဘူး၊မပေါ့သလိုနည်းနည်းလေးမှပျင်းရိတဲ့စိတ်မထားရပါဘူး.. တစ်ချို့ရှိတယ် လေးငါးရက်လောက်လုပ်ပြီးပျင်းလို့မလုပ်တော့ပါဘူးဒီလိုစိတ်မျိုးတွေရှိနေသရွေ့
ကတော့ အောင်မြင်အဆင်ပြေစေဖို့ဆိုတာကလည်းနည်းနည်းလေးမှမဖြစ်နိုင်ပါဘူးတစ်ကယ်တော့
သည်အလုပ်ဆိုတာတွက်ကြည့်ရင်တစ်နေ့ကိုလိုင်းသိပ်မကောင်းရင်တောင်မှ45မိနစ်အတွင်း
အကုန်ပြီးစီးတဲ့အလုပ်တခုပါ။နည်းပေးလမ်းပြလုပ်သူတွေရဲ့နည်းလမ်းတွေကိုလည်းလိုက်နာမယ်
မိမိကိုယ်တိုင်လဲ ဒီလိုလုပ်ရင် ဒီလိုဖြစ်မလား..ဟိုလိုလုပ်ရင်ကော အဆင်ပြေနိုင်မလား စသည် စသည်ဖြင့် တွေးခေါ်တတ်ရပါမယ်။ PTC ၀င်ငွေရှာလုပ်ငန်းလုပ်ကိုင်နေသူတစ်ယောက်ဟာ ပထမဆုံး မိမိကိုယ်မိမိ စီးပွားရေးဈေး ကွက်လုပ်နေတဲ့ သူဌေးတစ်ယောက်လို့ မှတ်ယူရပါ့မယ်။ ထည့်ရင်းသင့်ရင်ရင်းရပါမယ် ။ တစ်ခုထိုးကျွေးပြီးနှစ်ခုပြန်စားသင့်စားရပါတယ်။ မိမိရဲ့ ပိုက်ဆံ (Dollar) များနဲ့ ရှယ်ယာများကို ညီမျှနေအောင် ညှိတတ်ရပါ့မယ်၊ ရှယ်ယာများအတွက် ပိုက်ဆံကို ဘယ်လောက်အထိထုတ်သုံးသင့်သလဲမသင့်သလဲတွေးတောစဉ်းစားတတ်ရပါမယ်... ဒီလိုအချက်တွေဟာ လုံးဝကို ပညာသားမပါတဲ့ အတွေ့အကြုံက အလိုလိုသင်ပေးတဲ့အသိပညာတွေရလာမှာပါ။ ဒီအချက်တွေကိုပိုင်နိုင်အောင်အသုံးမချနိုင်ဘူးဆိုရင်တော့PTCမှာလုံးဝအချိန်ကုန်အောင်မြင်မှုမရဖြစ်
မယ်ဆိုတာရဲရဲကြီးအာမခံပါတယ်။ဒါကြောင့်PTC၀င်ငွေရှာလုပ်ငန်းဆိုတာမိမိရဲ့အရည်အချင်းကို စမ်းသပ်တဲ့ဝင်ငွေရှာလုပ်ငန်းအသေးအမွှားတစ်ခုဖြစ်ပါတယ်။မိမိလုပ်တတ်ရင်လုပ်တတ်သလို မြတ်နိုင်တယ်..
မလုပ်တတ်ရင်လည်း တစ်ဝဲလည်လည်ဖြစ်နေမှာပါဘဲ။

PTC ဆိုတာ မူးစုမတ်စု ပြီး လုပ်ကိုင်ရတဲ့ လုပ်ငန်းတစ်ခုပါ.. တစ်နေ့မှ နည်းနည်းချင်းစီဘဲရတဲ့အလုပ်ပေါ့..
စုလို့ရလာတာတွေနဲ့ ရှယ်ယာဝယ်.. ရှယ်ယာကရတဲ့ငွေတွေနဲ့ တစ်ဖြည်းဖြည်း ထပ်ဆင့်ဝင်ငွေပွားများတဲ့
လုပ်ငန်းပေါ့... တစ်ချို့က ပြောတယ် မူးစု မတ်စုလေးရပြီးဘာလုပ်မှာလဲ အပိုအလုပ် အချိန်ကုန်တယ်ပေါ့
သည်လိုအတွေးနဲ့သည်လိုစကားပြောလာတာဟာ လုံးဝကိုမှားယွင်းပါတယ်..ဘာလို့လဲဆိုတော့ PTC ဟာ
မူးစုမတ်စု စုရတဲ့အလုပ်ဆိုပေမယ့် တစ်ကယ်လုပ်တတ်ရင် လုပ်တတ်သလို တစ်နေ့တည်းနဲ့ ၁၀$  လောက်ကိုအသာလေး ရှာလို့ရတဲ့ လျှို့ဝှက်နည်းရှိပါတယ်..ဒါကတော့ MicroJobs & Task Complete လုပ်ငန်းစဉ်များပါဘဲ... လူတိုင်းလုပ်နိုင်တယ်..လွယ်ကူတယ်..သို့သော် English စာတော့ ဖတ်
တတ်ရမယ်..ပျင်းရိတဲ့စိတ်လုံးဝမရှိရပါဘူး။ PTC မှာ ဘာရှယ်ယာမှ မရှိဘဲ တစ်လကို သုံးလေးသိန်းရနေတဲ့
သူငယ်ချင်းရှိတယ်..ပွင့်ပွင့်လင်းလင်းပြောရရင် အခု ကျွန်တော် PTC မှာအောင်မြင်နေတယ်ဆိုတာ Direct Referral များလို့ တစ်နည်း ကိုယ့်ဆီမယ် မာန်ဘာဝင်တဲ့သူများလို့ပါ သူငယ်ချင်းကတော့ ဘာ မာန်ဘာမှမရှိ ဘဲ ဆိုဒ်ပေါင်းစုံကနေ အထက်မယ်ပြောခဲ့တဲ့ Microjobs & Task Complete တွေကြိုးကြိုးစားစားလုပ်တော့
သူ့အတွက် တစ်လသုံးသိန်းလောက်ဆိုတာ ရတာပါဘဲ..သူ သုံးတဲ့အင်တာနက်လိုင်းကလဲ အင်မတန်မှ စုတ်ချာလှတဲ့ Skynet Internet လိုင်းသာဖြစ်ပါတယ်။ သူကတော့ အင်တာနက်ဝိုင်ဖိုင် ပြန်ယူထားတော့ အဆင်ပြေတာပေါ့။

တော်တော်များများက ဖုန်းနဲ့လုပ်ကြတယ် ဖုန်းနဲ့လုပ်သူတွေ တော်တော်များများ ရှုံးကြပါတယ် ဘာလို့ရှုံးလဲ ဆိုရင် ရှယ်ယာတွေကို စနစ်တစ်ကျမထိန်းတတ်တာက တစ်ကြောင်း နောက်အရေးပါတဲ့အချက်က အင်တာ
နက်လိုင်းမကောင်းတာတွေကြောင့် ဖြစ်ပါတယ်။ သည်တော့ ဖုန်းနဲ့လုပ်တဲ့သူတွေကိုအကြံပေးချင်တာက
PTC ဆိုတာ ထည့်ရင်းနိုင်ရင် ရင်း မရင်းနိုင်ရင် မူးစုမတ်စုပြီး လုပ်ရတဲ့အလုပ်ဆိုတော့ ကြာရင်ဖုန်းခ ထိလာတာပေါ့။ ဖုန်းခထိလာရင် PTC က အချိန်ကုန်တယ် ငွေကုန်တယ် ဘားမှအကျိုးမရှိဘူးဆိုပြီး ကျိန်းသေ ပြောကြမယ်..နောက်ဆုံး စွန့်လွှတ်သွားကြတာပါဘဲ။ ဒါကတော့ ကျွန်တော်တို့ ဒီ PTC ကိုစတင် မိတ်ဆက်ခဲ့ကတည်းက ယနေ့အချိန်ထိ ကြုံတွေ့နေရတဲ့ သုံးသပ်ချပ်တွေပါဘဲ။ ဖုန်းခတွေကုန်တယ် ကုန်တယ် ဘယ်လောက်တောင် PTC အတွက် ကုန်သွားလဲ စာရင်းကောက်ကြည့်တော့ လေး ငါးသောင်း
ဖိုးလောက် ကုန်သွားတယ်..တစ်ချိုဆို ခုနှစ်သောင်းဖိုးလောက် ဖုန်းခကုန်သွားတယ်.. ဒါပေမယ့် PTC မှာမူးစု
မတ်စုအဆင့်ကနေ တက်မလာဘဲ ရှယ်ယာတွေဝယ်ရင်း တစ်ဝဲလည်လည်ဖြစ်နေပါတယ်။

ကိုယ်ပိုင် အင်တာနက်သုံးနိုင်တဲ့သူ ..အခပေးပြီး အင်တာနက်လိုင်းယူထားတဲ့သူတွေအတွက်ကတော့ သိပ်မသိသာပေမယ့် ဖုန်းသမားများတော်တော်ထိခိုက်ကြပါတယ်။ ဒီတော့ အားလုံးသော PTC လုပ်နေတဲ့
သူများအတွက် ခြုံငုံပြီး ကျွန်တော် အကြံပေးပါ့မယ်။ သည်အကြံအတိုင်းသာ လိုက်လုပ်ပါ။ အောင်မြင်စေရ
မယ်လို့ အာမခံပေးလိုက်ပါတယ်။

- မိမိက နည်းပညာ Website , Social Website တွေပိုင်ဆိုင်တဲ့သူတစ်ယောက်ဆိုရင် မိမိရဲ့ PTC Site မှာ Member ၀င်ဖို့ Tutorial များကို သေသေချာချာရေးပြီး လိုက်မိတ်ဆက်ပါ PTC အကြောင်းကိုလည်းသေသေ
ချာချာနားလည်အောင်ပြောပြပေးပါ။ ကိုယ့်ဆီမှာ Member ၀င်သူများလေ ကိုယ်အောင်မြင်လေ ပိုက်ဆံအရ
မြန်လေပါဘဲ။

- မိမိကိုယ်တိုင်လဲ PTC Site တွေမှာ ပြထားတဲ့ လေ့ကျင့်ခန်းတွေ Tutorial တွေကို ဘာသာပြန်ပါ။ ခိုင်းတဲ့အ
တိုင်းလိုက်လုပ်ပါ။ အင်္ဂလိပ်စာတွေကိုလည်း ဖတ်ရမှာမပျင်းပါနဲ့ သေချာဖတ်ပါ။ ကျွန်တော်တို့ကိုယ်တိုင် အဘိဓာန်စာအုပ်တွေ Software တွေကို ကွန်ပျူတာမှာထည့်ပြီး လေ့လာရင်း သိတာတွေကို ချပြပေးနေတာပါ

- မိမိက ကိုယ်ပိုင်အင်တာနက် သို့မဟုတ် အင်တာနက် လခပေးသုံးနေတဲ့သူ ၊ အင်တာနက်ကို အချိန်တော်
တော်များများ အဖိုးအခနဲနဲဖြင့် အသုံးပြုနိုင်သူဆိုရင် PTC Site အချို့မှာပါတဲ့ Task Complete , Microjob or PTSU တွေကို လုပ်နိုင်သလောက် စာသေချာဖတ်ပြီးလုပ်ကြပါ။

- ဒီနေရာမှာဖုန်းသမားတွေအတွက် ပြောပြပါ့မယ်။ ဖုန်းသမားတွေအနေနဲ့ သည်အတိုင်း PTC တွေကို ထိုင်
Click နေရင် ကြာရင်ဖုန်းခ ထိဖို့ဘဲရှိတယ်။ ဒီတော့ ငွေလဲ များများတက် ၊ အရှုံးလဲ နည်းအောင် အကောင်း
ဆုံးနည်းလမ်းက ရင်းနှီးဖို့ပါဘဲ။ ဘယ်လိုလဲဆိုတော့ မိမိဆီမှာ Member ၀င်တွေများလာအောင် Member ၀ယ်တဲ့စနစ်ပါဘဲ။ ကိုယ့်ဆီမှာ Member ၀င်သူများလေလေ ကိုယ့်ရဲ့ PTC Site ကအောင်မြင်လေလေ၊ ငွေ
များများတက်လေလေပါဘဲ။ ဒီလို Member များနေရင် အထက်က ပြောခဲ့သလို Task Complete , Microjobs
တွေလုပ်စရာမလိုတော့ပါဘူး။ ဒါကတော့ ဖုန်းသမားများအတွက် အကောင်းဆုံးအောင်မြင်ဖို့နည်းလမ်းပါဘဲ
Member ၀ယ်တာကလဲ ငွေကျပ်နှစ်သောင်းဝန်းကျင်နဲ့ ၀ယ်လို့ရတဲ့အနေအထားပါဘဲ။ ဒါကတော့ ဖုန်းအင်
တာနက်နဲ့ PTC လုပ်နေတဲ့သူတွေအတွက် မရှုံးစေဖို့ အကောင်းဆုံးနည်းလမ်းပါပဲ။ ကျွန်တော်အခုအောင်
မြင်နေတယ်ဆိုတာ ဒီလို Member တွေများလို့အောင်မြင်နေတာပါ။ Microjobs or Task Complete ကတော့
ရံဖန်ရံခါ အားလပ်မှထလုပ်တာပါ။ Member များနေတော့ မန်ဘာဆီက ရတဲ့ ကော်မရှင်နဲ့ Microjobs
တွေကိုမလုပ်လဲရတဲ့အနေအထားပါ။

- ဖုန်းသမားတွေအတွက်ပြီးတော့ ADSL , Redlink , Skynet သမားများအတွက် နည်းလမ်းပြောပြပါ့မယ်။
ဒီအင်တာနက်လိုင်းသမားတွေက ဖုန်းနဲ့စာရင် လိုင်းမြန်တဲ့အတွက် Microjobs , Task Complete တွေ
လုပ်လို့ရပါတယ်။ နောက်တစ်ခု အပေါ်က ဖုန်းသမားတွေလို Member ၀ယ်ချင်ဝယ် ။ မ၀ယ်ချင်ရင်
 ယုံကြည်စိတ်ချရတဲ့ PTC Site တစ်ခုမှာ ထည့်ရင်းလိုက်ပါ။ ယုံကြည်စိတ်ချရဆုံး ထည့်ရင်းလို့ကောင်းတဲ့
Site တစ်ခုရှိပါတယ်။ YouGetProfit လို့ခေါ်ပြီး စိတ်ချယုံကြည်ရတဲ့ Investment Site ဖြစ်ပါတယ်။ အဲသည်ဆိုဒ်မှာဆိုရင် 25$ ကနေ စရင်းလို့ရပါတယ်။ 25$ ရင်းရင် တစ်လခွဲနီးပါးအတွင်း 30$ ပြန်ရပါတယ်။ 2$ ရတာနဲ့ စမ်းသပ်ထုတ်ယူနိုင်ပါတယ်။ ထုတ်ယူဖို့အတွက် PayPal ကိုအသုံးပြုနိုင်ပါတယ်။

- အခြားအင်တာနက်လိုင်းများနှင့်အသုံးပြုသူများသည် ဖုန်းသမားများနှင့်စာရင် ငွေရပိုမိုလျှင်မြန်စေပါတယ်။
YouGetProfit တို့လို Site တွေမှာ ဖုန်းသမားများအနေဖြင့် ထည့်ရင်းဖို့လုံးဝအဆင်မပြေပါဘူး။ ဘာလို့လဲ
ဆိုတော့ IP Address ပြသနာကြောင့်ပါဘဲ။ ဒါကြောင့် အခြားအင်တာနက်လိုင်းသမားများအနေဖြင့် Member ၀ယ် ၊ Microjobs ( PTSU ) or TaskComplete ဘဲလုပ်လုပ် ၊ ထည့်ပြီးတော့ပဲ ရင်းရင်း အဆင်ပြေစေပါတယ်
ထည့်ရင်းမယ်ဆိုရင် 25$ သာ အရင်စရင်းကြည့်လိုက်ပါ။ အဆင်ပြေတာကိုတွေ့ရပါလိမ့်မယ်။ ထည့်ရင်းဖို့
အတွက် Dollar $ လိုအပ်ပါတယ်။ လိုအပ်တဲ့ ဒေါ်လာအတွက်လည်း ဒေါ်လာ ပြန်ရောင်းပေးပါတယ်။

- နောက်အရေးကြီးဆုံးပြောပြလိုတဲ့အချက်ကတော့ ကျွန်တော်တို့တင်ထားသမျှကိုဘဲ မှတ်မထားပါနဲ့ ဆိုလိုတာက မိမိကိုယ်တိုင် Self Study လုပ်ခိုင်းတာပါ .. ငွေရှာတဲ့ဆိုဒ်တိုင်းမှာ Forum ဆိုတာရှိပါတယ်
အဲသည် Forum ထဲမှာ ငွေရှာတဲ့ဆိုဒ်နဲ့ပတ်သက်လို့ သတင်းတွေ ၊ Error Report တွေ ဆွေးနွေးချက်တွေ
အများကြီးရှိပါတယ်။ အားရင် အဲသည်လို Forum တွေထဲမယ် ၀င်လေ့လာပါ။ သူတို့ဘာတွေပြောနေကြ
သလဲ ၊ ဘာတွေလုပ်နေကြသလဲ ၊ ဆိုဒ်ပိုင်ရှင် Admin ကရော ၀င်ငွေရှာတဲ့ မာန်ဘာတွေကို ဘယ်လို Message တွေပေးနေသလဲ စတဲ့ အကြောင်းအရာတွေကို Forum ထဲမှာကြည့်နိုင် လေ့လာနိုင်ပါတယ်။
နောက်တစ်ချက်က မိမိတို့ကိုယ်တိုင် ၀င်ငွေရှာဆိုဒ်တွေမှာ လုပ်ကိုင်နေရင်းနဲ့ အခြား သော ၀င်ငွေရှာဆိုဒ်
အသစ်တွေကို တွေ့လာရပါလိမ့်မယ်။ ၀င်ငွေရှာဆိုဒ်တွေက ရာချီပြီးရှိတာပါ အစစ်တွေလဲရှိသလို အတုတွေ
ကလဲ ဒုနဲ့ဒေးပါဘဲ၊ ဥပမာ 1Dollarclick.com , 2Dollarclick.com , 700 Dollarclick.com ဒီလို ဆိုဒ်တွေ
ဟာ မြင်လိုက်တာနဲ့ အတုတွေမှန်းသိပ်သိသာပါတယ်.. ဘာလို့လဲဆိုတော့ ကြော်ငြာတစ်ခုကို မာန်ဘာ
တစ်ယောက်အတွက် တစ်ဒေါ်လာ ၊ နှစ်ဒေါ်လာ ၊ ဒေါ်လာ 700 ပေးတယ်ဆိုတာ လုံးဝမဖြစ်နိုင်ပါဘူး။
နောက်တစ်ချက်က အတုလား အစစ်လား သိချင်တဲ့ဆိုဒ်ကို အင်တာနက်မှာ ရှာကြည့်လို့ရပါတယ်။ ဥပမာ
2dollarclick.comကိုအတုလားအစစ်လားသိချင်ရင် 2dollarclick is scam ? ဆိုပြီး အင်တာနက်မှာရှာကြည့်
လိုက်ပါ။ ဒါဆိုရင် Forum တွေ , website တွေမှာ အခြားမာန်ဘာဝင်တွေရဲ့ သုံးသပ်ချက်တွေကို တွေ့မြင်ရ
ပါလိမ့်မယ်။ သူတို့ဘာတွေပြောထားသလဲ လိုက်ဖတ်ပါ။ စဉ်းစားပါ ။ လုပ်သင့်မလုပ်သင့်ဆုံးဖြတ်ပါ။

ဒါတွေဟာ မိမိကိုယ်တိုင် စဉ်းစားတွေးခေါ်ရမယ့်အပိုင်း ၊ မဖြစ်မနေလေ့လာရမယ့်အပိုင်းတွေပါဘဲ။ ဒါကြောင့် ကျွန်တော်အတတ်နိုင်ဆုံးအပိုင်းကနေ ဘယ်လို လေ့လာရမယ်..ဘယ်လိုစဉ်းစားရမယ် ဆိုတာပြောပြပေးတာပါ။ ရှုပ်တော့မသွားပါနဲ့ အစကတည်းက မိမိကိုယ်မိမိ လုပ်ငန်းတစ်ခုလုပ်နေတဲ့ သူဌေးတစ်ယောက်လို သဘောထားပါလို့ပြောခဲ့ပါတယ် :) မိမိ လုပ်တတ်ရင် လုပ်တတ်သလို စဉ်းစားတတ်ရင် စဉ်းစားတတ်သလို အောင်မြင်သွားမှာပါဘဲ ..

- အရေးအကြီးဆုံးအချက်ကိုပြောပြပါ့မယ်။ ကျွန်တော်တို့ဟာ မြန်မာလူမျိုးတွေဖြစ်တယ်။ အင်္ဂလိပ်စာ ကျွမ်း
ကျင်တဲ့သူတွေရှိမယ်၊ မကျွမ်းတဲ့သူတွေရှိမယ် ၊ များသောအားဖြင့် အလယ်အလတ် ထမင်းစားရေသောက်
လောက်ပြောတတ်တဲ့သူတွေရှိပါတယ်..ယခု PTC Site တွေက နိုင်ငံခြားက လုပ်တာဖြစ်တဲ့အတွက် အင်္ဂလိပ်စာလည်း အနည်းအကျဉ်းဖတ်တတ်ဖို့လိုမယ်။ ငွေရှာဆိုဒ်တစ်ခုလုံးကိုငွေရှာတာတင်မဟုတ်ဘဲ ၀င်ရောက်မွှေနှောက်ရမယ်..ဥပမာ တစ်ချို့မေးကြတယ် ဘာလို့ဖုန်းနဲ့လုပ်မရတာလဲ... ကျွန်တော်တို့က  မူလငွေရှာဆိုဒ်က ကိုဖုန်းနဲ့မလုပ်ခိုင်းလို့ပါလို့ပြန်ဖြေတယ်.. သူတို့က ပြန်မေးတယ်..ဘယ်မှာဖုန်းနဲ့မလုပ်
နဲ့လို့ရေးထားလို့လဲတဲ့... ဟုတ်ကဲ့ ကျွန်တော်တို့က ငွေရှာဆိုဒ်တွေရဲ့ Team Of Services ထဲက စာတွေ
ကိုဖတ်ပြီးပြောတာပါဘဲ..ထပ်မေးကြတယ်.. ဘာလို့အကောင့်ကို အဘန်းခံရမယ် suspended လုပ်ခံရမယ်
လို့ပြောတာလဲ လို့မေးလာရင် ဒါလည်းဘဲ ငွေရှာဆိုဒ်ရဲ့ Team Of Services ထဲကအကြောင်းအရာကိုဖတ်
ပြီးပြောတာပါဘဲ.. ငွေရှာတဲ့ဆိုဒ်တွေမှာ ဆိုဒ်ရဲ့အောက်ဆုံးနားမှာ Terms (or) Term Of Servcies (or ) TOS ဆိုတာပါပါတယ်။ အဲဒီထဲမယ် မိမိလိုက်နာရမယ့် စည်းကမ်းချက်တွေ အကုန်ပါပါတယ်။ သူတို့ရေးထားတဲ့စာတွေကလည်း ကိုးတန်း ဆယ်တန်းကလေးတောင် ဖတ်ရင်ရကိုရတဲ့အနေအထားပါဘဲ။
ဒါကြောင့် လုပ်လဲလုပ် ဆိုဒ်ရဲ့အကြောင်းနဲ့ စည်းကမ်းလေးသိရအောင် စာတွေလိုက်ဖတ်ပါလို့ကျွန်တော်
ပြောရခြင်းဖြစ်ပါတယ်။

- PTC ( Paid To Click ) ၀င်ငွေရှာဆိုဒ်ဆိုတာ ကြော်ငြာကလစ်တာရယ် ၊ Direct Referral ( DR ) ၊ Rented Referral ( RR ) တွေကိုရှာမယ်.. DR , RR တို့ဆိုတာ ရှယ်ယာတွေလို့လည်းခေါ်လို့ရတာပေါ့..ဒီတော့ ရှယ်ယာတွေရှာမယ်။ သူတို့အလုပ်လုပ်အောင်ပုံမှန်ထိန်းသိမ်းမယ်။ ငွေတွေများလာရင်ထုတ်မယ်။ ဒီလိုပုံမှန်လည်ပတ်တာပါဘဲ.. DR များလေ .. RR များလေ အောင်မြင်လေပေါ့။ ဒီနေရာမှာ အင်္ဂစာဖတ်သူက
ဘာသာသွားသလဲဆိုရင်DR,RR တစ်ခု နှစ်ခုလောက်နဲ့ တစ်နေ့ကို 10$ ရအောင်လုပ်နိုင်တဲ့အချက်ပါဘဲ။
အောက်က ပုံကိုကြည့်ပါ။

 ပုံကတော့ ကျွန်တော့်ဆရာ..ကျွန်တော် PTC လုပ်တတ်အောင် နည်းလမ်းပြပေးခဲ့တဲ့ဆရာပေါ့..သူ့ရဲ့ neobux မှာငွေရှာတဲ့ပုံပါ.. ကျွန်တော့် မှာ Direct Referral ( DR ) အယောက် 500 ကျော်၊ Rented Referral (RR) အယောက် 350 ရှိပေမယ့် တစ်နေ့ကို ခြောက်ဒေါ်လာကနေ 7 ဒေါ်လာအကြားဘဲရတာပါ.. အခုပုံမယ်
ကျွန်တော့်ဆရာမှာ Direct Referral 2 ယောက်ပဲရှိတယ်.. Rented Referral 88 ယောက်ပဲရှိတယ်..ဒါပေမယ့်
သူ တစ်နေ့ကို 15$ လောက် ရအောင်လုပ်နိုင်နေတာ မြင်ပါလိမ့်မယ်။ ဒါဟာ ဘာလို့လဲဆိုရင် Neobux မှာ
Mini Jobs ဆိုတာပါတယ်။ အဲကောင်လေးတွေက လွယ်လွယ်လေးတွေ လုပ်ရမယ့်ပုံကို ဥပမာလဲပြထား
တယ်။ စာဖတ်ရတာလဲ တစ်ကယ့်လွယ်လွယ်လေး ကျွန်တော်ပြောပီးသား ကိုးတန်းဆယ်တန်းလောက်နဲ့
ကိုလုပ်လို့ရပါတယ်... ကျွန်တော့်ဆရာက ဒါတွေချည်းဖိလုပ်တယ်.. DR , RR ကိုအားမကိုးဘူး ၊ စာဖတ်
တယ်..အဲဒီ Mini Jobs တွေချည်းလုပ်တယ်။ ကျွန်တော်က အချိန်မရတော့ DR , RR ကိုအားကိုးရတာပေါ့။
ဆိုလိုချင်တာကတော့ ကျွန်တော်ဆရာလုပ်တဲ့နည်းကရော.. ကျွန်တော်လုပ်တဲ့နည်းရော နှစ်ခုလုံးအလုပ်
ဖြစ်တယ်။ ဒါပေမယ့် အချိန်ပေးနိုင်ရမယ်။ စာလဲဖတ်နိုင်တယ်ဆိုရင်တော့ ကျွန်တော့်ဆရာလမ်းစဉ်ကိုလိုက်
ပါ။ အချိန်မပေးနိုင်ဘူးဆိုရင်တော့ ကျွန်တော့်လမ်းစဉ်အတိုင်း DR ,RR တွေကို ထိန်းကျောင်းရင်း ငွေစုသွား
ဖို့ဘဲရှိပါတယ်။ အချိန်ပေးနိုင်သူ ၊ အင်္ဂလိပ်စာဖတ်နိုင်သူ နဲ့ အချိန်မပေးနိုင်သူ စာမဖတ်နိုင်သူတို့ ဒီနေရာ
မယ်ကွာခြားသွားတာပါဘဲ။ ဒါကြောင့်စာဖတ်ပါ.. ကြိုးစားလုပ်ပါ..မသိတာရှိရင်ကျွန်တော်တို့ကိုမေးနိုင်သလို
Google မှာလည်း မေးနိုင်ပါတယ်။ ကျွန်တော်တို့နှစ်ယောက်လုံးရဲ့ ဆရာကလည်း Google ပါဘဲ။ မသိတာ
ရှိရင် လိုချင်တာ၇ှိရင် Google မှာ how to do ဆိုပြီးမေးလိုက်တာချည်းပါဘဲ။ PTC လုပ်တဲ့သက်တမ်း ကြာလာရင်တစ်ချို့ကအချိန်ကုန်အာပလာထင်လာကြမယ်..အချိန်ကုန်ငွေကုန်လို့ထင်လာကြမယ်..ဒီလိုထင်
လာခဲ့ရင် လျှို့ဝှက်ချက်ပေါင်းများစွာနဲ့  တစ်နေ့ကို 15$ လောက်ရအောင်ရှာနိုင်တာကိုသတိရကြပါ.. :) ကျွန်တော့်ဆရာအသက်က 23 ဖြစ်ပြီး ကျွန်တော်ကတော့ အသက် 20 ပါ ။ အကုန်လုံးအဝေးသင်ကျောင်းသားတွေချည်းပါဘဲ :)


- နောက်အရေးကြီးဆုံးအချက်က ပိုက်ဆံတတ်နိုင်သူများ က Rented Referral လို့ခေါ်တဲ့ Share များကို ၀ယ်ကြပါတယ်။ သူတို့အတွေးထဲမှာတော့ ရှယ်ယာများများဝယ်နိုင်လေ ငွေပိုတက်လေလို့ထင်ကြပါတယ်။
တစ်ကယ်တော့ Rented Referral ( RR ) ဆိုတာ မိမိပိုက်ဆံနဲ့ တစ်လ ငှားတာပါ။ ဒီတော့ တစ်လပြည့်ရင်
သူ့ကို သက်တမ်းပြန်တိုးရပါတယ်။ ဒီလိုမှမဟုတ်ရင် ငှားထားတဲ့ RR တွေ ပျောက်သွားပါတယ်။ ပျမ်းမျှအား
ဖြင့် 2$ ဖိုးကို RR 10 ခုရပါတယ်။ သို့သော် မိမိမှာ ပိုက်ဆံ 10$ ရှိလို့ RR အခု 50 မ၀ယ်လိုက်ပါနဲ့ လကုန်
လို့သက်တမ်းပြန်တိုးတဲ့အခါ တစ်လကို 10$ ၄င်း RR တွေဆီမှ ပြန်မရပါဘူး။ ဒါကြောင့် မိမိမှာ သက်တမ်း
တိုးဖို့ငွေမရှိရင် ၀ယ်ထားတဲ့ RR တွေပျောက်ကုန်ပါလိမ့်မယ်။ဒါကြောင့် တစ်ပတ်ကို 1$ ဖိုးဘဲ ၀ယ်ကြပါ။
အခု ညွှန်ပြချက်ကိုသေချာစွာလိုက်နာကြပါ..ဘာလို့လဲဆိုတော့ တစ်ချို့ငွေရှိတယ်..RR တွေကိုနင်းကန်ဝယ်
ပစ်တယ်..ရှုံးကုန်ကြပါတယ်။ အခုပြောတဲ့နည်းအတိုင်း တစ်ပတ်ကို 1$ ဖိုးသာ ၀ယ်ပါ။ လုံးဝမရှုံးတဲ့အပြင် အမြတ်များစွာထွက်လာတာကိုလည်း တွေ့ရပါလိမ့်မယ်။ ကဲ..ဒါကတော့ အတွေ့အကြုံတွေကို ပြန်လည်ချ
ပြလိုက်တာပါဘဲ။ မသိတဲ့အချက် နားမလည်တဲ့ အချက်များရှိရင်

adflycreator@gmail.com သို့ Message ပို့ပြီးမေးမြန်းပါ။ မိမိကိုယ်တိုင်လဲ မိမိညှစ်အားကိုအသုံးပြုပြီးလေ့လာပါ။မသိတာရှိရင်မေးဖို့အားမနာပါနဲ့။အားလုံးကိုအောင်မြင်စေချင်ပါတယ်
ခင်ဗျာ။ 21.2.2014


Kali Linux Tools List 2013 (E-Book)


Kali Linux အသုံးပြုသူတွေ အတွက် အသုံးဝင်မယ့် Tools တွေရဲ့  Descriptions တွေရယ် အသုံးပြုပုံတွေ ပါဝင်ပါတယ်။ Kali Linux ကို အသုံးပြုနေတယ်ဆိုရင် ဒီ E-book လေးဟာ သင့်ကို လုံးဝ အထောက်အကူပြုစေမှာသေချာပါတယ်။

အဆင်ပြေပါစေ..

Download =>  Miloshare / Solidfiles

Tag : ,

- Copyright © Click 2 Kyat ( C2K ) - Skyblue - Powered by Blogger - Designed by Johanes Djogan -